Polynomial ကိန်းတန်းတစ်ခုကို polynomial of first degree နဲ့ စားတဲ့အခါ ရလာတဲ့ remainder အကြောင်းကို remainder theorem မှာ ပြောပြခဲ့ပြီးပါပြီ။ Remainder Theorem အရ သိနိုင်တာက အကြွင်း (remainder) ပါပဲ။ စားလဒ် (quotient) ကို သိချင်တယ်ဆိုရင် ဘယ်လို လုပ်ရမလဲ။ ဥပမာ လေးကြည့်ရအောင်။

p(x) = x3–7x–6 ကို x-4 နဲ့ စားမယ်ဆိုရင် remainder= p(4) ပေါ့။

p(4)= 43–7(4)–6 = 30 လို့သိနိုင်ပါတယ်။

ဒီနေရာမှာ p(x)=x3–7x–6 ကို dividend (တည်ကိန်း) လို့ ခေါ်ပါတယ်။ x – 4 ကို စားကိန်း (divisor) လို့ ခေါ်ပါတယ်။ p(4)=30 ကိုတော့ အကြွင်း (remainder) လို့ ခေါ်ပါတယ်။ remainder theorem အရ အလွယ်တကူ တွက်ထုတ်နိုင်တာက remainder value ပါပဲ။ စားလဒ် (quotient) ကို လိုချငိတယ်ဆိုရင်တော့ ချစားရတော့မှာပေါ့။ ဒီလိုပါ။

အခုဆိုရင် စားလဒ်က q(x)=x2+4x+9 ဆိုတာကို ရရှိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း ပြဌာန်းချက်ပါ သင်ရိုးအရ စားလဒ်ကို လိုချင်ရင် ဒီလိုပဲ actual division နဲ့ပဲ စားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် multiple choice လို မေးခွန်းမျိုးအတွက် စားလဒ်အဖြေကိုပဲ လိုတဲ့အခါ ဒီနည်းဟာ ရှည်လျားပြီး အချိန်ကုန်တာပေါ့။ ဒါဆိုရင် ဘယ်လို လုပ်မလဲ။ စားလဒ်ကော အကြွင်းကိုပါ အလွယ်တကူ ရှာနိုင်တဲ့ synthetic division ကို သုံးပြီး တွက်ထုတ် နိုင်ပါတယ်။

အထက်က စားပြခဲ့တဲ့ polynomial ကိုပဲ ဥပမာအဖြစ် တွက်ကြည့်ရအောင်။ x3–7x–6 ကို x - 4 နဲ့ စားပါမယ်။

အဆင့်(၁)။ တည်ကိန်းရဲ့ terms တွေမှာ ပါဝင်တဲ့ မြှောက်ဖေါ်ကိန်းများ (coefficients) ကို degree အလိုက် အစဉ်လိုက် ချရေးပါမယ်။ လက်ရှိကိန်းတန်းမှာ ဆိုရင် x2 ပါတဲ့ကိန်းလုံး (term in x2) မပါဝင်တဲ့အတွက် coefficient=0 လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ စားကိန်း (in the form of x - k) မှာ ပါဝင်တဲ့ constant term k (ဒီဥပမာမှာ ဆိုရင်တော့ k=4 ပေါ့) ကို လည်း အောက်မှာ ပြထားသလို ရေးချလိုက်ပါ။

image

အဆင့်(၂)။ ပထမဦးဆုံးတွေ့တဲ့ coefficient 1 ကို ပြထားသည့်အတိုင်း ဆွဲချလိုက်ပါ။ ၎င်းနောက် k တန်ဖိုးဖြစ်သော 4 နှင့်မြှောက်ပြီး ဒုတိယ column က 0 အောက်တွင် ရလဒ်ကိုရေးပါ။

image

အဆင့်(၃)။ ဒုတိယ column မှ တန်ဖိုးများကို ပေါင်းပါ။ ရလဒ်ကို 4 နှင့်မြှောက်ပြီး တတိယ column တွင် ရေးပါ။ ထိုနည်း အတိုင်း column များကို ဖြည့်စွက်သွားပါ။

image

ရှေ့ဆုံးဂဏန်းသုံးလုံး (1 4 9) သည် စားလဒ်၏ coefficient များ ဖြစ်ပြီး 30 မှာ remainder ဖြစ်ပါတယ်။ မူလ polynomial ၏ degree မှာ 3 ဖြစ်သောကြောင့် စားလဒ်မှာ degree တဆင့်လျှော့ကျသွားပါမယ်။ ဒါကြောင့် စားလဒ်က x2+4x+9 လို့ အလွယ်တကူ သိနိုင်ပါတယ်။ အခုပြောခဲ့တဲ့ နည်းကို synthetic division လို့ ခေါ်ပါတယ်။ long polynomial division နဲ့ ချစားရန် မလိုပဲ quotient ကော remainder ပါ အလွယ်တကူ သိနိုင်တဲ့ နည်းတစ်ခုပါပဲ။

နောက်ထပ်ဥပမာ တစ်ပုစ်တွက်ကြည့်ရအောင်။

Example 1. Use synthetic division to divide 2x5 + 3x4 + 25x² − 1 by x + 3.

Dividend = p(x)= 2x5 + 3x4 + 25x² − 1 .

Divisor = x − k = x + 3 = x – (-3)

Therefore k = -3


image

Therefore the quotient is 2x4 − 3x3 + 9x² − 2x + 6 and the remainder is -19.

ဒီလောက်ဆိုရင် synthetic division ကို သဘောပေါက်လောက်ပါပြီ။

ဥပမာ 152 ဆိုပါစို့ 15 x 15 = 225 ပေါ့၊ ကိန်းတန်ဖိုး ကြီးလာရင် အလွယ်မပြောနိုင်တော့ဘူး လွယ်ပါတယ်။ calculator နဲ့ တွင်ရင်ပေါ့။ calculator မပါပဲ အလွယ်ပြောလို့ရပါတယ်။

152 ကိုပဲ ပြောကြည့်ရအောင်။ ခုဂဏန်း 5 ဖြင့်ဆုံးသောကြောင့် 25 ချရေးပါ။ ဆယ်ဂဏန်းထက် တစ်ကြီးသော ကိန်းဖြင့်မြှောက်ပါ။ 1 ထက် 1 ကြီးသောဂဏန်းမှာ 2 ဖြစ်တယ်။ ဒါ့ကြောင့် 1x2=2 ပေါ့။ ဒါကြောင့် 152=225။ ထိုနည်းအတိုင်း တွက်ကြည့်ရင်

square shortcut

152= 225
252= 625
352= 1225
452= 2025
552= 3025
652= 4225
752= 5625
852= 7225
952= 9025
1052=11025

ကဲ... ကိန်းဂဏန်းတွေရဲ့ လျှို့ဝှက်ချက်တွေဟာ အံ့သြစရာ မကောင်းဘူးလား။

Function များကို ဖေါ်ပြနိုင်သော နည်းလမ်းများ


ဒီတစ်ခါတော့ function တွေကို ဖေါ်ပြနိုင်တဲ့ နည်းလမ်းတွေကို ပြောပြပါမယ်။

ဆိုကြပါစို့။ function f ဟာ A = {-3, -2, -1, 0, 1, 2, 3} နဲ့ B = {-9, -6, -3, 0, 3, 6, 9} ကို f(x)=3x နဲ့ ဆက်သွယ်ထားတဲ့ function တစ်ခု ဖြစ်ပါတယ်။ ဒီ function ရဲ့ ဆက်သွယ်ချက်တွေ သိဖို့ function ထဲမှာ အစားသွင်းကြည့်ရအောင်။

f(x) = 3x

f(-3) = 3(-3) = -9

f(-2) = 3(-2) = -6

f(-1) = 3(-1) = -1

f(0) = 3(0) = 0

f(1) = 3(1) = 3

f(2) = 3(2) = 6

f(3) = 3(3) = 9 ဆိုတဲ့ ဆက်သွယ်ချက်တွေ ရတာပေါ့။

အဲဒီဆက်သွယ်ချက်ကို အလွယ်တကူ ထင်ရှား မြင်သာအောင် ဖေါ်ပြနိုင်တဲ့ နည်းလမ်းတွေ အကြောင်း ဆက်ရှင်းပြ ပါမယ်။


1. A verbal statement

အထက်က function ရဲ့ ဆက်သွယ်ချက်ကို ကြည့်မယ်ဆိုရင် x3x ဖြစ်တာကြောင့် မူလတန်ဖိုးဟာ image ရဲ့ သုံးပုံ တစ်ပုံ ဖြစ်တယ်ဆိုတာကို သိကြမှာ ဖြစ်ပါတယ်။ ဒါကို verbal statement နဲ့ ဖေါ်ပြမယ်ဆိုရင်

A function from A to B : “is one-third of " လို့ ပြောရမှာပေါ့။ အထက်က ဆက်သွယ်ချက်ကို verbal statement နဲ့ ပြန်ချရေးမယ် ဆိုရင်-

-3 is one-third of -9
-2 is one-third of -6
-1 is one-third of -3
0 is one-third of 0
1 is one-third of 3
2 is one-third of 6
3 is one-third of 9 လို့ ပြောလို့ရပါတယ်။

2. Arrow diagram

ဒီဖေါ်ပြပုံ စနစ်ကတော့ ထင်ရှားမြင်သာပြီး ရိုးရှင်းပါတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့သာ ရှိပြီး တိတိကျကျ ဖေါ်ပြနိုင်တဲ့ အစုဝင်တွေ ပါတဲ့ domain နဲ့ codomain တို့အတွက်သာ သင့်လျော်ပါတယ်။ အခုလို ဖေါ်ပြပါတယ်။


3.A set of ordered pairs

Function တစ်ခုကို အစုနဲ့ ဖေါ်ပြခြင်း ဖြစ်ပါတယ်။ Domain ထဲက အစုဝင် (elements of domain) တွေကို independent variables လို့ခေါ်ပြီး image တွေကို dependent variables လို့ ခေါ်ပါတယ်။ ordered pair တစ်ခုကို ရေးတဲ့အခါ (independent variables, dependent variables) လို့ ရေးရပါတယ်။

အထက်မှာ ဖေါ်ပြခဲ့တဲ့ function ကို ပြန်ကြည့်ရင် -

(-3, -9), (-2, -6), (-1, -3), (0, 0), (1, 3), (2, 6), (3, 9) ဆိုတဲ့ ordered pairs တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အစုဆိုတာက အစုဝင်တွေကို တွန့်ကွင်း { } ထဲမှာ ထည့်ရေးရတယ်ဆိုတာကို သိပြီးဖြစ်မှာပါ။ ဒါ့ကြောင့် ပြောခဲ့တဲ့ function ကို set of ordered pairs နဲ့ ဖေါ်ပြမယ်ဆိုရင် -

A function from A to B = {(-3, -9), (-2, -6), (-1, -3), (0, 0), (1, 3), (2, 6), (3, 9)} လို့ ဖေါ်ပြပေးရမှာ ဖြစ်ပါတယ်။


4. Table form

Function တွေကို ဖေါ်ပြတဲ့ နည်းလမ်းတွေထဲက အသုံးများပြီး အသုံးဝင်တဲ့ စနစ်တစ်ခုပေါ့။ စာရင်းဇယားဆိုတာ လုပ်ဆောင်ချက်နဲ့ ရလဒ်တွေကို နှိုင်းယှဉ်ကြည့်တဲ့ စနစ်တစ်ခုပဲ မဟုတ်လား။ အထက်က function ကို table နဲ့ ဖေါ်ပြမယ်ဆိုရင် အခုလိုဖေါ်ပြရမှာ ဖြစ်ပါတယ်။


x
-3
-2
-1
0
1
2
3
3x
-9
-6
-3
0
3
6
9

5. Graph

အသုံးအများဆုံး နည်းလမ်းတစ်ခုပါပဲ။ လုပ်ငန်းတစ်ခုရဲ့ အတက်အကျ လုပ်ဆောင်ချက်တစ်ခုရဲ့ အသွင်သဏ္ဌာန်၊ အခြေအနေကို အလွယ်တကူ ခန့်မှန်းနိုင်ဖို့ graph တွေဆွဲပြီး ကြည့်သလိုပေါ့။ လုပ်ငန်းဆောင်ရွက်ချက်တွေ ဆိုတာ တကယ်တော့ function တွေပါပဲ။


Graph ဆိုတာ ရေပြင်ညီ (x-axis) နဲ့ ဒေါင်လိုက် (y-axis) ၀င်ရိုးနှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြင်ညီ (Cartesian plain) ပေါ်မှာ ဆက်သွယ်ချက်ရဲ့ တည်နေရာတွေကို သတ်မှတ်ပေးလိုက်တာပါ။


Graph ဆွဲတဲ့ အခါ သတိထားရမှာက elements of domain (independent variables) တွေကို x ၀င်ရိုးမှာ ထားရပါတယ်၊ elements of codomain (dependent variables) တွေကိုတော့ y ၀င်ရိုးမှာ ထားပါတယ်။ Domain နဲ့ Codomain ထဲမှာပါတဲ့ elements တွေကို ၀င်ရိုးတွေပေါ်မှာ အညီအမျှ အပိုင်းအခြား (same interval) သတ်မှတ် ပေးရပါတယ်။ ဆက်သွယ်ချက်အတိုင်း နေရာ (location) ကို သတ်မှတ်ပေးရပါတယ်။ အထက်က ပြောခဲ့တဲ့ function ကို graph နဲ့ ဖေါ်ပြမယ်ဆိုရင် အခုလိုရရှိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ y=3x ဖြစ်ပါတယ်။


အခုဖေါ်ပြတဲ့ graph မှာ function ရဲ့ result ဟာ အမှတ်စက် (point) တွေ အဖြစ်သာ ရှိနေမှာပါ။ curve မဟုတ် ပါဘူး။ ဘာကြောင့်လဲ ဆိုရင်တော့ domain ထဲမှာရှိတဲ့ elements ၇ခုအတွက်ပဲ သတ်မှတ်ရတာ ဖြစ်လို့ပါပဲ။


အကယ်၍ domain နဲ့ codomain ဟာ A နဲ့ B မဟုတ်ပဲ R (set of real numbers) ဖြစ်တယ်ဆိုပါစို့။ ဆိုလိုတာက -

Function f:RR and f(x)=3x ပေါ့။


ဒါဆိုရင်တော့ elements of domain ဟာ x ၀င်ရိုးပေါ်မှာ ရှိတဲ့ အမှတ်တိုင်းကို ဆိုလိုတာ ဖြစ်ပြီး၊ elements of codomain ဟာ y ၀င်ရိုးပေါ်မှာရှိတဲ့ အမှတ်တိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ အမှတ်တစ်ခုနဲ့ တစ်ခုကြားမှာ နေရာလပ် (interval or gap) ဆိုတာ မရှိတော့ဘူး။ ဒါကြောင့် ရလာတဲ့ result ဟာ curve ဖြစ်လာတာပေါ့။ အောက်က graph ကို ကြည့်ပါ။

f:RR and y=f(x)=3x ရဲ့ graph ပါ။

နောက်ထပ်ဥပမာတစ်ခုကြည့်ရအောင်…

A = {-3, -2, -1, 0, 1, 2, 3}

B = {x|-10 ≤ x ≤ 10, x is an integer.}

f : AB, y=f(x) = x2 အတွက် graph ဆွဲမယ်ဆိုရင် အောက်က ပုံအတိုင်းရမှာ ဖြစ်ပါတယ်။



f:RR, y=f(x) = x2 အတွက် graph ဆွဲမယ်ဆိုရင်တော့ အခုလို curve ပုံသဏ္ဌာန် ရမှာဖြစ်တယ်။


ဒါဆိုရင် function တွေကို ဖေါ်ပြပုံနည်းလမ်းများနဲ့ graph ရဲ့ သဘောသဘာဝကို နားလည်းနိုင်ပြီလို့ ထင်ပါတယ်။

Composition of Functions (Function များကို ပေါင်းစပ်ခြင်း)

ရှေ့မှာတုန်းက function ဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ အခု Function တွေကို ပေါင်းစပ်ခြင်း အကြောင်း ဆက်လက်ရှင်းပြပါမယ်။ Function ဆိုတာ စက်ကိရိယာ တစ်ခုလိုပဲလို့ ရှေ့မှာ ဥပမာပြခဲ့ပါတယ်။ အဲဒီ စက်တွေကို တစ်ခါတစ်ရံ လိုအပ်သလို ပေါင်းစပ်ပြီး သုံးရပါတယ်။

မြင်သာတဲ့ ဥပမာတစ်ခုနဲ့ ရှင်ပြပါ့မယ်။ အခုမီးတွေ ပျက်တဲ့အခါ အိမ်မှာ မီးစက်မောင်းရတာတွေ ကြုံဘူးမှာပေါ့။ မီးစက်မောင်းဖို့ ဘာတွေလိုအပ်ပါသလဲ။ မီးစက်လိုတာပေါ့လို့ အလွယ်ပြောကြမယ်။ သိပ်ဟုတ်တာပေါ့။ မီးစက်မောင်းဖို့ဆိုတာ မီးစက်ရှိမှ ဖြစ်မယ်လေ။ ကောင်းပြီ။ မီးစက်ရှိတယ်ဆိုပါစို့။ အဲဒီမီးစက်ကနေ လိုချင်တာက လျှပ်စစ်စွမ်းအင် (output) ပေါ့။ သချာင်္စကားနဲ့ ပြောရရင် image ပေါ့။

ဒါကို မီးစက်က ထုတ်ပေးမယ်။ အဲဒီလိုထွက်လာအောင် မီးစက်ကို စက်သုံးဆီ ထည့်ပေးရတယ် မဟုတ်လား။ တကယ်တော့ မီးစက်လို့ အလွယ်ပြောတဲ့ကိရိယာဟာ စက်ပစ္စည်း နှစ်ခုပေါင်းစပ် ထားတာပါ။ ဘာတွေလဲဆိုရင် လျှပ်စစ်စွမ်းအင် ထုတ်ပေးမယ့် dynamo နဲ့ သူ့ကို လည်ပတ်အောင် မောင်းနှင်ပေးမယ့် engine ပါ။ ဒီတော့ သင်္ချာသဘောအရ ပြောရမယ်ဆိုရင် function နှစ်ခု ပေါင်းစပ်ထားတာပေါ့။

ပမာဏကြီးမားတဲ့ ထုတ်လုပ်မှုတွေမှာတော့ engine အစား ရေနွေးငွေ့နဲ့ လည်ပတ်စေတဲ့ turbine ကြီးတွေကို သုံးတာပေါ့။ သူကနေ ဒိုင်နမို အကြီးစား generator ကြီးတွေကို လည်ပတ်စေပါတယ်။

ထုတ်လုပ်မှု စတင်တော့မယ် ဆိုရင် ဒိုင်နမိုကို မောင်းပေမယ့် အင်ဂျင်ကို အရင်ဆုံး မောင်းပေးရမယ်။ အင်ဂျင်ကို မောင်းနှင်ပေးဖို့ အင်ဂျင်ကို လည်ပတ်စေမယ့် စက်သုံးဆီ ထည့်ပေးရပါတယ်။ ဒီနေရမှာ စက်သုံးဆီဆိုတာ element of domain လို့ သင်္ချာစကားအရ ပြောနိုင်ပါတယ်။

turbine ကြီးတွေဆိုရင်တော့ စက်သုံးဆီ အစား စရိတ်သက်သာတဲ့ ရေနွေးငွေ့တို့ ရေအားဒလက်တွေတို့ သဘာဝဓာတ်ငွေ့တွန်းအားတို့ ဆိုတာတွေကို သုံးလေံရှိပါတယ်။ ဒီအခါမှာ အင်ဂျင် (သို့) တာဘိုင်ကြီးတွေ လည်ပတ်လာတယ်။ ဘာထွက်လာပါသလဲ။ စက်စွမ်းအင် ထွက်လာတာပေါ့။ ဒါဟာသချာင်္အမြင်အရ တာဘိုင်က ထုတ်ပေးလိုက်တဲ့ image လို့ ပြောရမှာ ဖြစ်ပါတယ်။

ထွက်လာတဲ့ စက်စွမ်းအင်က ဒိုင်နမို (သို့) generator ကို လည်ပတ်စေပြီး လျှပ်စစ်စွမ်းအင် ထုတ်ပေးတာပါ။ လျှပ်စ်စွမ်းအင်ဆိုတာ ဒီလုပ်ဆောင်ချက်ရဲ့ final image လို့ဆိုရမယ်။ အောက်ကပုံကို ကြည့်ပါ။ ဒါဟာ function တွေကို ပေါင်းစပ် အသုံးပြုထားခြင်းပါပဲ။
http://www.bluffton.edu/courses/TLC/MontelA/Montel/Alternative_Energy_Website/coal_final.gif

လုပ်ဆောင်ချက် အဆင့်ဆင့်ကို word diagram လေးနဲ့ ဖေါ်ပြကြည့်ရအောင်။ ဒီလိုတွေ့ရမှာပေါ့။


function တွေကို ပေါင်းစပ်ခြင်းဆိုတာလည်း ဒီအတိုင်းပါပဲ။ ဆိုပါစို့။ f ဟာ A နဲ့ B ကို ဆက်သွယ်ထားပြီး ရလာတဲ့ image က f(x) ဖြစ်တယ်။ ဒီ image ကို B နဲ့ C ကို ဆက်သွယ်ပေးတဲ့ function g ထဲကို ထည့်ပေး လိုက်မယ်ဆိုရင် ထွက်လာတဲ့ image ကို g(f(x)) လို့ ခေါ်ပါတယ်။ ဒါဟာ composition of function ပါပဲ။

ဒီလုပ်ဆာင်ချက်ကို တစ်ဆက်တည်း ခေါ်မယ်ဆိုရင်တော့ g . f (g circle f) လို့ ခေါ်ပါတယ်။ ဒါကြောင့် ဆက်သွယ်ချက်ကို အခုလို (g.f)(x) = g(f(x)) ပြောနိုင်ပါတယ်။ အောက်ကပေးထားတဲ့ arrow diagram လေးကို လေ့လာကြည့်ပါ။ ဒါဆိုရင် composition of function ဆိုတာကို နားလည်နိုင်ပြီလို့ ထင်ပါတယ်။



Equality of Functions

Two functions f and g are equal if and only if

  1. f and g have the same domain,
  2. f and g have the same codomain, and
  3. f(x) = g(x) for each x of the domain.

Function များတူညီခြင်း

Function နှစ်ခု f နဲ့ g ဆိုပါစို့။ f=g လို့ ပြောနိုင်ဖို့ အတွက် အခြေအနေ သုံးရပ်နဲ့ ကိုက်ညီမှု ရှိရပါမယ်။

(၁) Domain တူညီရမယ်။

(၂) Codomain တူညီရမယ်။

(၃) Domain ထဲမှာ ရှိတဲ့ အစုဝင် x တိုင်းအတွက် f(x) = g(x) ဖြစ်ရမယ်။ တစ်နည်းပြောရင် function f ရဲ့ image တွေနဲ့ function g ရဲ့ image တွေ တူညီရမယ်ပေါ့။

ဒီအခြေအနေ သုံးရပ်လုံးနဲ့ ကိုက်ညီတယ်ဆိုရင် function နှစ်ခု တူညီတယ်လို့ ပြောနိုင်ပါတယ်။

အောက်က example လေးတွေ ဆက်ပြီး လေ့လာကြည်ရအောင်။

Example (1)

image

Solution

f(x) = x2 g(x) = 2x – 1

f(1) = 12 = 1 g(1) = 2(1) – 1 = 1.

Therefore f(x) = g(x) for every x \epsilon A.

f = g

အထက်မှာ ပြောခဲ့တဲ့ အချက်သုံးချက်နဲ့ ပြန်စစ်ကြည့်ရအောင် . . .

  1. f နဲ့ g ဟာ Domain တူပါတယ်။ နှစ်ခုလုံးရဲ့ Domain ဟာ A ဖြစ်တယ်။
  2. f နဲ့ g ဟာ Codomain လည်းတူပါတယ်။ နှစ်ခုလုံးအတွက် B ဖြစ်တယ်။
  3. Domain ထဲမှာ အစုဝင် တစ်ခုရှိပါတယ်။ 1 ဖြစ်ပါတယ်။ f(1) = 1 ဖြစ်ပြီးတော့ g(1) = 1 ဖြစ်တဲ့အတွက် image တွေလည်းတူပါတယ်။ ဒါကြောင့် f = g ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

Example (2)

image

Solution

f(x) = x2 g(x) = 2x – 1

f(1) = 12 = 1 g(1) = 2(1) – 1 = 1.

f(2) = 22 = 4 g(2) = 2(2) – 1 = 3.

f(1) = g(1) but f(2) ≠ g(2).

Therefore f(x) ≠ g(x) for every x \epsilon C.

f ≠ g

ဒီဥပမာမှာ ဆိုရင် function နှစ်ခုလုံးအတွက် Domain နဲ့ Codomain တူညီတယ်ဆိုတာ သိပြီး ဖြစ်မှာပါ။

f(1) = g(1)

f(2) ≠ g(2) ဖြစ်နေပါတယ်။ ဒါကြောင့် Domain ထဲမှာ ရှိတဲ့ အစုဝင် x တိုင်းအတွက် f(x) = g(x) မဖြစ်တော့ပါဘူး။

ဒါကြောင့် ဒီမေးခွန်းမှာ f ≠ g လို့ ဆိုရမှာ ဖြစ်ပါတယ်။

Example (3)

Let f : R image R and g : R image R are functions such that f(0) = 2 and g(0) = 2. Can you say that f and g are the same function? Why?

Solution

Here f(0) = g(0). But we cannot say that f(x) = g(x) for every x \epsilon R. Therefore we cannot say that f and g are the same function.

ဒီမေးခွန်းကတော့ set of real numbers (R) နဲ့ equality of functions ဆိုတာကို အသေအချာ နားလည် သဘောပေါက်မှု ရှိရဲ့လားဆိုတာကို စစ်ဆေးလိုက်တာပါ။

R ဆိုတာက set of real numbers (ကိန်းစစ်များပါဝင်သော အစု) ပေါ့။ ကိန်းမျဉ်းပေါ်မှာ ရှိတဲ့ အမှတ်တိုင်းကို ကိုယ်စားပြုပါတယ်။

f နဲ့ g ဟာ Domain နဲ့ Codomain တူပါတယ်။ f(0) = g(0) ဖြစ်ပါတယ်။ ဒါပေမယ့် f = g လို့ မသတ်မှတ်နိုင်ပါဘူး။ R ဆိုတဲ့ အစုထဲမှာ အစုဝင်တွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ အဲဒီအထဲမှာမှ 0 ရဲ့ image များသာလျှင် တူညီတယ်လို့ ပေးထားချက်အရ သိရပြီး၊ ကျန်တဲ့ အစုဝင်တွေအတွက် ဘာမှ မပြောနိုင်ပါဘူး။ ဒါကြောင့် f နဲ့ g ဟာ တူညီသော function များဖြစ်တယ်လို့ ဘယ်လိုမှ ပြောခွင့်မရှိပါဘူး။

ဒီလောက်ဆိုရင် Equality of Functions ဆိုတာကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။

Functions

Function ရဲ့ မူလအဓိပ္ပါယ် သတ်မှတ်ချက်ကတော့ အစု (set) နှစ်ခုက် ဆက်သွယ်ပေးတဲ့ နည်းလမ်းလို့ ဆိုနိုင် ပါတယ်။ အစုနှစ်ခုဆိုတာက -

(၁) Function တစ်ခုရဲ့ ဆောင်ရွက်မှုအောက်မှာ ပါဝင်ကြမယ့် အစုဝင်တွေ ပါဝင်တဲ့ မူလအစု (Domain) နဲ့

(၂) Function ရဲ့ ဆောင်ရွက်ပြီးမြောက်သွားတဲ့ အစုဝင်တွေပါဝင်မယ့် (Codomain) တို့ ဖြစ်ပါတယ်။

Function ဆိုတာကို ထုတ်လုပ်မှုတွေ လုပ်ပေးနိုင်တဲ့ စက်ကိရိယာတစ်ခု အသွင် ယူဆကြည့်ရအောင်။ ထုတ်လုပ်မှု ဆိုကတည်းက ကုန်ကြမ်းတွေရှိရမယ်၊ မဟုတ်လား။ အဲဒီကုန်ကြမ်းတွေ စုထားတဲ့ အစုက domain ပေါ့။

ကုန်ကြမ်းတွေကို စက်ထဲထည့်လိုက်ပြီ။ တစ်ဖက်မှာ ကုန်ချောတွေ ထွက်လာပြီပေါ့။ ကုန်ချောတွေကို အစုတစ်ခု အနေနဲ့ စုလိုက်မယ်။ ဒါဟာ Codomain ပေါ့။ ဒီလို မြင်ကြည့်နိုင်ပါတယ်။

image


ဒီအတိုင်းပါပဲ။ Function ဆိုတာကို အခုလို ဖေါ်ပြလို့ရတာပေါ့။

image

Definition : A function from a set A to a set B relates each element of A to exactly one element of B.

အစု A (Domain) ထဲမှာ ရှိတဲ့ အစုဝင် တစ်ခုချင်းစီတိုင်း အတွက် အစု B (Codomain) ထဲမှာ ဆက်သွယ်ထားတဲ့ အစုဝင် (အတိအကျ) တစ်ခုထဲပဲ ရှိရပါမယ်။

ဆိုလိုတာက A ထဲမှာ ရှိသော x တိုင်းအတွက် B ထဲမှာ y ရှိရပါမယ်။ အကယ်၍ x ဟာ B ထဲမှာ y အပြင် z နဲ့ပါ ဆက်သွယ်မှု ရှိနေတယ် ဆိုရင်တော့ ဒါ function မဖြစ်တော့ပါဘူး။ အောက်ပါပုံကို ကြည့်ပါ။

image

Domain ထဲမှာ ရှိတဲ့ အစုဝင် တစ်ခု အတွက် Codomain ထဲမှာ ဆက်သွယ်ချက် တစ်ခုထက် ပိုသွားရင် Function လို့ သတ်မှတ်လို့ မရတော့ဘူး။

မှတ်ရမှာက-

Domain ထဲမှာ ရှိတဲ့ အစုဝင်တစ်ခု ချင်းစီတိုင်အတွက် Codomain ထဲမှာ ဆက်စပ်အစုဝင် အတိအကျ တစ်ခုသာ ရှိရမယ်။ ပိုလို့လည်း မရဘူး။ လုံးဝမရှိလို့လည်း မရဘူး။ အောက်က ဥပမာပုံလေးတွေကို ကြည့်ရအောင်။

image

ဒါတွေဟာ function ရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့ ဆက်သွယ်ချက်တွေ ဖြစ်လို့ function လို့ မသတ်မှတ်နိုင်ပါဘူး။

ကဲ ပြန်ဆက်ရအောင် …

image

f ဆိုတာ A နဲ့ B ကို ဆက်စပ်ပေးတဲ့ function တစ်ခု ဆိုပါစို့။ သင်္ကေတအားဖြင့် အခုလို ရေးပါတယ်။

image

f is a function from A to B.

f ဟာ A ထဲမှာ ရှိတဲ့ x ကို B ထဲမှာရှိတဲ့ y နဲ့ ဆက်စပ်ပေးတယ် ဆိုတာကိုတော့ ဒီလိုရေးပါတယ်။

image

f maps x to y (or) y is the image of x under f.

ဒီနေရမှာ y ကိုတော့ f က ဆက်စပ်ပေးတဲ့ x ရဲ့ image လို့ခေါ်ပါတယ်။


Functional Notation

image

ရှေ့မှာ ပြောခဲ့တဲ့ အတိုင်း ပြောမယ်ဆိုရင် f ဟာ X နဲ့ Y ကို ဆက်သွယ်ထားတဲ့ function တစ်ခု ဖြစ်တယ်။

image

x ရဲ့ image ဟာ 2 ဖြစ်တယ်။

y ရဲ့ image ဟာ 2 ဖြစ်တယ်။

z ရဲ့ image ဟာ 3 ဖြစ်တယ်။ ဆိုတာကိုတော့ သင်္ကေတနဲ့ ဒီလိုရေးတယ် ဆိုတာ ပြောခဲ့ပြီပါပြီ။ ပြန်ကြည့်ရအောင်။

image

အခုလိုရေးတဲ့ စနစ်ဟာ နောင်မှာ function တွေကို အကြိမ်ကြိမ် ရေးဖို့ လိုလာတာနဲ့အမျှ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ပိုပြီးတော့ ရေးရတာ အဆင်ပြေစေတဲ့ functional notation ကို ပြောင်းသုံးပါတယ်။

f(x) = 2 is f of x is 2.

f(y) = 2 is f of y is 2.

f(z) = 2 is f of z is 3.

image

ဒီလိုရေးတာကို functional notation လို့ ခေါ်ပါတယ်။

အထက်မှာ ဥပမာ ပြခဲ့တဲ့ function ကို ကြည့်မယ်ဆိုရင် Codomain ထဲမှာ 1, 2, 3, 4 ဆိုတဲ့ အစုဝင် လေးခုရှိတာ တွေ့ရမှာပါ။ ဒီအစုဝင်တွေ အားလုံးကို image လို့ မသတ်မှတ် နိုင်ပါဘူး။ 2 နဲ့ 3 သာလျှင် ဆက်စပ်မှုရှိလို့ image လို့ ပြောနိုင်ပါတယ်။

ဒါကြောင့် Codomain ကို အစုပိုင်း (sub sets) နှစ်ခု ထပ်မံပိုင်းခြား နိုင်ပါတယ်။ image များပါဝင်တဲ့အစု Z နဲ့ image မဟုတ်သော အစုဝင်များရဲ့ အစု (Y \ Z) တို့ပဲပေါ့။ ဒီနေရာမှာ image တွေသာ ပါတဲ့အစု (Z) ကိုတော့ function f ရဲ့ Range လို့ ခေါ်ပါတယ်။ Range ဆိုတာဘာလဲ။ အခုလိုသတ်မှတ်နိုင်ပါတယ်။

Range = Set of images = { Images }

ပြောခဲ့တာတွေ ပြန်ပြီး အကျဉ်းချုပ်ရရင်

image

X = { x, y, z } = Domain , Y = { 1, 2, 3, 4} = Codomain, Z = { 2, 3} = Range

image

f(x) = 2 is f of x is 2.

f(y) = 2 is f of y is 2.

f(z) = 2 is f of z is 3.